စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ညောင်ဦး  ဇန်နဝါရီ   ၁၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် Community Centre ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club ၏ စာပေရေးရာစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်၁၀နာရီအချိန်က စာဖတ်ဝိုင်း စာပေဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါစာပေရေးရာဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင် ဦးညီညီ၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက အမှာစကားပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့မှ ဦးဝင်းတင်(English For All)ရေးသားသည့် ကိုယ်သာလျှင် ကိုယ့်ဘဝသခင် စာအုပ်အား စာပေချစ်မြတ်နိုးသူများက ဆွေးနွေးကြကြောင်းသိရသည်။ ထိုစာအုပ်တွင် စာမျက်နှာ ၂၇၄ စာမျက် နှာပါရှိပြီး ခေါင်းစဉ်ခွဲ ၆၄ခုဖြင့် စာအုပ်ခေါင်းစဉ်ကြီး ကိုယ်သာလျှင် ကိုယ့်ဘဝသခင် ခေါင်းစဉ်ဖြင့် စာအုပ်ထုတ်ဝေပုံနှိပ်ထားကြောင်းလည်း သိရသည်။

ကိုထိန်၊KPD