ကွတ်ခိုင် ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) (Woman Club) တို့ ပူးပေါင်း၍ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ "လူငယ် ဆိုတာလန်းရမယ်" စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခုလို စာဖတ်ဝိုင်း ကျင်းပြုလုပ်ရခြင်းမှာ အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာအုပ်စာပေမှ ရရှိသည့် အသိပညာ၊ စာပေအချင်းချင်း ရင်းနှီးတိုင်ပင်နိုင်ခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများ၊ Woman Club အသင်းဝင်များ ဖြစ်ကြသည့် ဦးတင်ထွန်းအောင်က "ပျော်ရွှင်မှုဟာ သင့်လက်ထဲမှာ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်စန္ဒာထွန်းကျော်စွာက "ရိုးရှင်းသောဘဝ" ဖြင့် လည်းကောင်း၊ ဦးကျော်နိုင်လင်းက "ဘဝဆိုတာ ကိုယ်ဖန်တီးတဲ့အရာ" ဖြင့်လည်းကောင်း စသည့်အကြောင်း အရာများကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အယ်လ်စိုး(မူဆယ်)