အမြို့မြို့အနယ်နယ်သတင်းများ

Jan 19,2022
ကလေးငယ်များ ငယ်စဉ်ကပင်စာဖတ်သည့် အလေ့အကျင့်ကောင်းများ ပျိုးထောင် ပေးသကဲ့သို့ စာပေမှရရှိသည့် အသိအမြင်ဗဟုသုတတို့ဖြင့် ဘဝလမ်းကြောင်း မှန်ကန်စွာ လျှောက်လှမ်းကြစေလိုသော ရည်ရွယ်ချက်တို့ဖြင့် ယနေ့နံနက်၁၀နာရီက မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကလေးစာဖတ်ခန်းတွင် Online မှတစ်ဆင့် ပုံပြင်ပြောခြင်း ဆောင်ရွက်ပေးသည်။
Jan 19,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ် နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီ ကရန်ကင်း မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်းရှိ မိုးကောင်းဆုတောင်းပြည့်စေတီတော် ဝန်းအတွင်းရှိ သာသနာဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jan 19,2022
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံသို့ အသက်ရှုစက်တစ်လုံးကို ယမန်နေ့နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Jan 19,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ နယ်လှည့် လှုပ်ရှားမှု ဆောင်ရွက်ပေးလျှက်ရှိရာ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အထကခွဲ(လေတပ်) ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့်စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 19,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း ဆောက်လုပ် ထားသည့် အောက်ဆီဂျင်စက်ရုံ မီးဘေးအန္တရာယ်လုံခြုံရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အောက်ဆီဂျင်စက်ရုံ ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့မှ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
Jan 19,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ခင်မကန် ဆရာတော် (စစ်ကိုင်း) အရှင်ခေမိန္ဒ ဟောကြားတော်မူသော နှစ်ဦးအထူးတရားပွဲကို ယမန်နေ့ ည ၇ နာရီတွင် လွတ်လပ်ရေးကျောက်တိုင်ဝန်းအတွင်း၌ ကျင်းပသည်။‌
Jan 19,2022
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နေ့လည် ၁ နာရီက စာအုပ်စာပေဆွေးနွေးပွဲ စာဖတ်ဝိုင်းအား ပြုလုပ်ခဲ့သည်။
Jan 19,2022
သထုံခရိုင်၊ဘီးလင်းမြို့နယ်၊ ယင်းအုံကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ယနေ့ နံနက်ပိုင်းက ပြည်သူများ အား ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံသားများ အား ဥပဒေနှင့်အညီ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယမြို့နယ်ဦးစီးမှူး ဦးသိန်းထွဋ်​အောင် ဦးဆောင်သော ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။