ကျောက်ဆည် ဇန်နဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား အခမဲ့ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်က ရဲမအူကျေးရွာနှင့် စင်းကွန်းကျေးရွာများတွင် နိုင်ငံသားစိစစ်ရေး ကတ်များ နေ့ချင်းပြီး အခမဲ့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားကတ်များ ပြုလုပ်ပေးရာတွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ထားရွှေနှင့် ဝန်ထမ်းမျာက ရဲမအူကျေးရွာမှ အသက်(၁၆)နှစ်နှင့်(၁၈)နှစ်အကြား အမျိုးသား(၄)ဦး၊ အမျိုးသမီး(၂)ဦး၊ အသက်(၁၈)နှစ်အထက် အမျိုးသား(၃)ဦး အမျိုးသမီ(၄)ဦး၊ စင်းကွန်းကျေးရွာမှ အသက်(၁၆)နှစ်နှင့်(၁၈)နှစ် ကြား အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ အသက်(၁၈)နှစ်အထက်အမျိုးသား(၅)ဦး၊ အမျိုးသမီး(၅)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
ကျောက်ဆည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ပန်းခင်းစီမံချက် ဖြင့် ရပ်ကွက်၊ ကျေးရွာများနှင့် စက်ရုံ၊အလုပ်များတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ အသက်(၁၆) နှစ်နှင့် (၁၈)ကြား (၁၁၁၉)ဦး၊ အသက်(၁၈)နှစ်အထက် (၄၁၀၃)ဦး၊ စုစုပေါင်း (၅၂၂၂) ဦးအား နိုင်ငံသားစိစစ်ရေး ကတ်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)