လပွတ္တာ ဇန်နဝါရီ ၁၉
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပ ဆောင်ရွက်ကြောင်းသိရသည်။
အဆိုပါအသိပညာပေး Talk Show အစီအစဉ်တွင် လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ၊ ဌာန၏ရည်မှန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာ၀န်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာ၀န်များကို ရှင်းလင်း ဆွေးနွေးခဲ့သည့်အပြင် ဌာန၏လက်ရှိဆောင်ရွက်နေသည့် လစဉ်စျေးကွက်အတွင်း စီးပွားရေး လုပ်ငန်းရှင်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအား လိုက်နာမှုရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကိုလည်း သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လပွတ္တာမြို့နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနဲ့ ပူးပေါင်းပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အစီအစဉ်များကို လစဉ်ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။