Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပေါင်းတည်မြို့နယ်တွင် ပိုးတွေ့လူနာသစ် (၅) ဦးရှိပြီး အတည်ပြုလူနာ (၂) ဦး သေဆုံး
Sep 12,2021
ပေါင်းတည်မြို့နယ်တွင် ယမန်နေ့ညနေပိုင်းအထိ FQCများတွင် ထားရှိသောသူများ၊ နှာခေါင်းအနံ မရသူများ၊ နေမကောင်းသူများ၊ ပြင်ပမှ သေဆုံး၍ စစ်ဆေးသူများအား COVID-19 Antigen (RTD) Test ဖြင့် ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာသစ် (၅)ဦး တွေ့ရှိခဲ့ပြီး အတည်ပြုလူနာ (၂)ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းပြားမြို့၌ ကိုဗစ်-၁၉ ရောဂါကြောင့် ဆွမ်းခက်ခဲနေသည့် သီလရှင်များအား အလှူငွေများလှူဒါန်း
Sep 12,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ မင်းပြားမြို့နယ်၌ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကြောင့် သွားလာရေးခက်ခဲမှုဖြင့် သီလဆောက်တည် နေကြသည့် သီလရှင်များ ဆွမ်း ဝေယျာဝိစ္စအဆင်ပြေစေရန်အတွက် မင်းပြားမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ယမန်နေ့ နံနက် ၇ နာရီအချိန်က ရိပ်သာသီလရှင် ကျောင်းတိုက်၌ ဆက်လက်လှူဒါန်းခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး
Sep 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးသူ စုစုပေါင်း ၃၄၃၃ ဦးရှိပြီဖြစ်
Sep 12,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်(၆) နေရာခွဲ၍ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး
Sep 12,2021
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(၇၀၈)ဦးထိုးနှံပြီးစီး
Sep 12,2021
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အခြေပညာအထက်တန်းကျောင်း၌ ဒုတိယအကြိမ် ကိုဗစ-၁၉ ရောဂါကာကွယ်ဆေး(၇၆၂)ဦး ထိုးနှံပြီး ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်အစိုးအဖွဲ့မှသီပေါမြို့နယ်အတွက်ကိုဗစ်-၁၉ရောဂါ ကာကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်း
Sep 12,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် ၊ သီပေါမြို့တွင် ယမန်နေ့ နံနက်ပိုင်းက သီပေါမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီး ဌာန၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သီပေါမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီအဖွဲ့သို့ ကာကွယ်ရေးသုံး ပစ္စည်းများပေးအပ်လှူဒါန်းကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ချက်များ ကရင်၊မြန်မာနှစ်ဘာသာဖြင့် အသိနှိုးဆော်
Sep 12,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကိုဗစ်-၁၉ရောဂါ သည် လျှင်မြန်စွာ ကူးစက်ပျံ့ပွားလျက်ရှိပြီး နေ့စဉ်ရောဂါကူးစက်မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ရောဂါကူးစက်ပျံ့ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ပြည်သူ့သို့ အသိပေးပန်ကြားချက်များကို ကရင်၊ မြန်မာဘာသာဖြင့် ယနေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25581
Page
25582
Page
25583
Page
25584
Current page
25585
Page
25586
Page
25587
Page
25588
Page
25589
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department