Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ
Sep 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊က လေးဝမြို့နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို အများပြည်သူများ ဖတ်ရှုလေ့လာနိုင်စေရန် မြို့မစည်ပင်သာယာစျေးနှင့် စျေးရှေ့လမ်းတို့တွင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးရာ၌ အခက်အခဲမရှိစေရေးနေ့စား ဝန်ထမ်းများအား အာမခံစိစစ်ရေး(ယာယီ)ကတ်များ သာစည်မြို့၌ ပြုလုပ်ပေး
Sep 07,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် ပြည်ညောင်ကျေးရွာရှိ ရွှေတောင်ဘိလပ် မြေစက်ရုံမှနေ့စားဝန်ထမ်းများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များထုတ်ပေးရာ၌အခက်အခဲမဖြစ်စေရန် အာမခံစိစစ်ရေး(ယာယီ)ကတ်များကို ယမန်နေ့က အဆိုပါစက်ရုံသို့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Sep 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းကင်းမြို့တွင် ကမ္ဘာ့စာမတတ်သူပပျောက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Sep 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ အခြေခံပညာအထက်တန်းကျောင်း စကားဝါခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စာမတတ်သူ ပပျောက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask Campaign ဆောင်ရွက်
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်းမှာ ကာကွယ်နိုင်ရန်အတွက် အပြင်ထွက်သူတိုင်း မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ကြရန် အသိပညာပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် စပါယ်တောကျေးရွာတွင် စိုက်ပျိုးထားသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Sep 07,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက် စနစ်ဖြင့် ဆန်စပါးကို အဓိထားစိုက်ပျိုးကြသော်လည်း ယာမြေများနှင့်ကိုင်းကျွန်းမြေများတွင် ကြက်သွန်၊ ငရုပ်၊ ဝါ၊ ငှက်ပျော၊ နနွင်း၊ ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံတို့ စိုက်ပျိုးကြပြီး စပါယ်တောကျေးရွာတွင် စိုက်ပျိုးထားရှိသော နနွင်း စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ဟောင်းပါးကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်
Sep 07,2022
ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဟောင်းပါး ကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာ တိုက်ပွဲရှောင်ပြည်သူ များအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဖားကန့်မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်မြို့နယ်တွင် Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်
Sep 07,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ ဦးမျိုးနေဇော်၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူများနေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးစေရေးအတွက် ယနေ့နံနက် ၇ နာရီခွဲအချိန်က လူစည်ကားရာ ပေါက်-ပခုက္ကူ ကားလမ်း၊ မြို့မဈေးအတွင်းနှင့် မြို့လယ်လမ်းဆုံများတွင် Mask Campaign ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16259
Page
16260
Page
16261
Page
16262
Current page
16263
Page
16264
Page
16265
Page
16266
Page
16267
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department