အမြို့မြို့အနယ်နယ်သတင်းများ

Sep 07,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ယနေ့နံနက် ၁၀ နာရီက လှိုင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဇေယျသိဒ္ဓိလမ်းတွင် ပြည်သူများအား အခြေခံစားသောက်ကုန်များကို လက်ဝယ်အရောက် ရောင်းချေပေးခဲ့ကြောင်း သိရသည်။
Sep 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်း က စက်တင်ဘာ(၈)ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာတတ်မြောက်ရေးနေ့ အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 07,2022
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးသူငယ်များ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူများအား ဗဟုသုတနှင့် အသိပညာပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်ခြင်းများအား ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ က သရက်တပင်အုပ်စု ဝက်ကော်ကျေးရွာ အ.လ.က (ခွဲ)ကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး မိုလ်ဘိုင်းသုံးဘီးယာဉ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Sep 07,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးမှုလျာထားချက်ပြည့်မီရေးသီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်သီရိမင်္ဂလာခန်းမ၌ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
Sep 07,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ တောင်ငူခရိုင် စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အ.မ.က(မူလွန်) ​ကြက်သွန်ခင်း(၁)ကျောင်းသို့ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ (၆၆/၆)ပုံစံများအား e-ID စနစ်ဖြင့်(Software program) ထည့်သွင်းခြင်းလုပ်ငန်းကို ဇူလိုင် ၁၈ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Sep 07,2022
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူများအတွက် စားဝတ်နေရေးတစ်ဖက်တစ်လမ်းမှ အဆင်ပြေမှုရှိစေရန်အတွက် အခြေခံစားသောက်ကုန် ပစ္စည်းများဖြစ်သော ဆန်၊ဆီနှင့် ကြက်ဥတို့အားဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့နံနက် (၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။