လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးရာ၌ အခက်အခဲမရှိစေရေးနေ့စား ဝန်ထမ်းများအား အာမခံစိစစ်ရေး(ယာယီ)ကတ်များ သာစည်မြို့၌ ပြုလုပ်ပေး

သာစည် စက်တင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်လူမှုဖူလုံရေးရုံးတွင်  အကျုံးဝင်မှတ်ပုံတင်ထားသည့်   ပြည်ညောင်ကျေးရွာရှိ ရွှေတောင်ဘိလပ် မြေစက်ရုံမှနေ့စားဝန်ထမ်းများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များထုတ်ပေးရာ၌အခက်အခဲမဖြစ်စေရန် အာမခံစိစစ်ရေး(ယာယီ)ကတ်များကို  ယမန်နေ့က အဆိုပါစက်ရုံသို့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိဒေါ်ဂျိုတီးနှင့် ဝန်ထမ်းများက  နေ့စားအလုပ်သမားများအနေဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီဆေး ကုသမှုခံယူခွင့်နှင့်ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးရာတွင် အခက်အခဲမရှိစေရန် သတ်မှတ်ချက်များနှင့်ပြည့်စုံသည့် နေ့စားဝန်ထမ်းများအား အာမခံစိစစ်ရေး(ယာယီ)ကတ်များပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊  အချက် အလက်မပြည့်စုံသေးသည့် အလုပ်သမားများအနေဖြင့် အချက်အလက်ပြည့်စုံပါက ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၂ ခုနှစ်လူမှုဖူလုံရေး ဥပဒေအကြောင်းသိကောင်းစရာများကို ပညာပေးပြောကြားပြီး သတ်မှတ်ချက်များနှင့်ပြည့်စုံသည့်နေ့စားဝန်ထမ်း ၅၈ ဦးတို့အား  အာမခံစိစစ်ရေး(ယာယီ)ကတ်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။      

မြို့နယ်(ပြန်/ဆက်)