မင်းကင်းမြို့တွင် ကမ္ဘာ့စာမတတ်သူပပျောက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မင်းကင်း စက်တင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ အခြေခံပညာအထက်တန်းကျောင်း စကားဝါခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စာမတတ်သူ ပပျောက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်၌ ကျင်းပခဲ့သည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဇဉ်အေးက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်သည့် အလေ့အထကောင်းများရှိစေရန် စာရေးသားနည်းများ မှန်စေရန်၊ မြန်မာစာ မြန်မာစကား စာလုံးပေါင်းသတ်ပုံများ မှန်ကန်စေရန်နှင့် စာစီစာကုံးရေးသားသည့် အလေ့အကျင့်များရှိရန် လိုအပ်ကြောင်းနှင့် ပေးထားသည့် ခေါင်းစဉ်တွင် ပါဝင်ရမည့် အဓိကအချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် “စာမတတ်သူပပျောက်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခေါင်းစဉ်ဖြင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၁၂ ဦး၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူ ၁၆ ဦး စုစုပေါင်း ၂၈ ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

လှငွေ