ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ဟောင်းပါးကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်

ဖားကန့် စက်တင်ဘာ ၇

ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဟောင်းပါး ကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဖားကန့်မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။ 

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်မှ အဖွင့်အမှာ စကား ပြောကြားခဲ့ပြီးနောက် တိုက်ပွဲရှောင်ပြည်သူများကိုယ်စား IDPs camp တာဝန်ခံများထံသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ပေးအပ်သော ထောက်ပံ့ငွေများအား ဆက်လက်ပေးအပ်ခဲ့သည်။ 

ဟောင်ပါးကျေးရွာ ဓမ္မသိရောမဏိဘုန်းကြီးကျောင်းတွင် ယာယီခိုလှုံလျက်ရှိသော တိုက်ပွဲရှောင် (၁၀၂)ဦး အတွက် ခြောက်သိန်းငါးထောင်ကျပ်၊ ဟောင်ပါးကျေးရွာ သီရိရတနာဘုန်းကြီးကျောင်း တွင် ခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင် (၉၃)ဦးအတွက် ခြောက်သိန်းကျပ်၊ တာမခန် အ.ထ.က ကျောင်းတွင် ယာယီခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင် (၂၉)ဦးအတွက် နှစ်သိန်းကျပ်၊ တာမခန် ကျေးရွာ AG ကျောင်းတွင် ခိုလှုံလျက်ရှိသော တိုက်ပွဲရှောင် (၁၉)ဦးအတွက် တစ်သိန်းကျပ်၊ တာမခန် နှစ်ခြင်းကျောင်းတွင် ခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင် ပြည်သူ (၄၀)ဦးအတွက် နှစ်သိန်း ခုနှစ်သောင်းကျပ်၊ ခိုမကျေးရွာ ဓမ္မရောင်ခြည်ဘုန်းကြီးကျောင်းတွင် ခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူ (၂၁၆)ဦးအတွက် တစ်ဆယ့် လေးသိန်းကျပ်၊ နမ့်ရေတောင်ကျေးရွာ၊ ဓမ္မသီတလဘုန်းကြီးကျောင်းတွင် ခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင် ပြည်သူ (၈၉)ဦးအတွက် ခြောက်သိန်း၊ နမ်းပင်းကျေးရွာ ပညာလင်္ကါရဘုန်းကြီးကျောင်းတွင် ခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူ (၁၄)ဦးအတွက် တစ်သိန်းကျပ်၊ နမ့်ခမ်းမူကြိုကျောင်းတွင် ခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင် ပြည်သူ (၁၆)ဦးအတွက် တစ်သိန်းကျပ်၊ ရွှေတောင်ကျော်ကျေးရွာ အ.လ.က ကျောင်းတွင် ခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူ (၂၄၄)ဦးအတွက် တစ်ဆယ့်ခြောက်သိန်း ကျပ်၊ နမ့်မဖြစ်ကျေးရွာ ဓမ္မပါလဓမ္မာရုံတွင် ခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူ (၁၃၁)ဦးအတွက် ကိုးသိန်းကျပ်၊ မှော်စီစာကျေးရွာဓမ္မာရုံတွင် ခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူ (၂၂၇)ဦးအတွက် တစ်ဆယ့်ငါးသိန်းကျပ်၊ မမုံကျေးရွာ အထက်တန်းကျောင်းခွဲတွင် ခိုလှုံလျက်ရှိ သည့် တိုက်ပွဲရှောင်ပြည်သူ (၂၂၈)ဦးအတွက် တစ်ဆယ့်ငါးသိန်း၊ ဆိုင်းအောင်ကျေးရွာ မူလတန်း ကျောင်းတွင် ခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင် ၄၇ ဦးအတွက် သုံးသိန်းနှစ်သောင်းကျပ်၊ မှော်ရှန်ကျေးရွာ ဝင်းသီရိဘုန်းကြီးကျောင်းတွင် ခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင် ပြည်သူ (၂၄)ဦးအတွက် တစ်သိန်းခြောက် သောင်းကျပ်တို့အား Camps တာဝန်ခံများထံသို့ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့သည်။ 

ထို့ပြင် အဆိုပါ တိုက်ပွဲရှောင်ပြည်သူများနေဖြင့် Camp များတွင် နေထိုင်ရေး၊ စားသောက်ရေး၊ ရေ၊ မီးနှင့် ကျန်းမာရေး စသည်တို့ အဆင်ပြေစေရေးအတွက် မြို့နယ်အဆင့် ကော်မတီများ ဖွဲ့စည်းထားရှိပြီး  ကိုဗစ်-၁၉ ထပ်ဆောင်း Boster Dose ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်