Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရှမ်းရွာသစ်မြို့မဲသမူးကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်
Sep 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ် အတွက်ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များ အာဟာရပြည့်ဝရေး အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် (MCCT) ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်တွင် မဲသမူးကျေးရွာ၌ ကျေးရွာအုပ်စုတာဝန် ရှိသူများက လက်ဝယ်အရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Sep 07,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှဦးစီး၍ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က (မြစ်သား) ကျန်စစ်သားခန်းမဆောင်နှင့် အ.ထ.ကမင်းဝန်ကျောင်းတို့၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများမှ ရပ်ကွက်နေပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရ…
Sep 07,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ရပ်ကွက်နေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက အောင်ချမ်းသာရပ်ကွက် ဘုန်းကြီးကျောင်းဓမ္မာရုံနှင့် ကျောင်းပိုင်းရပ်ကွက် ခရစ်ဃာန်ဘုရားရှစ်ခိုးကျောင်းတို့၌ကွင်းဆင်း၍ ဒေသနေပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားဖောက်လုပ်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
Sep 07,2022
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ဟတ်စဒင်းကျေးရွာနှင့် အောက်ကြပ်(၂)ကျေးရွာ ရှစ်ကွင်းကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအခြေအနေများအား ယမန်နေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်အတွက် Mask Campaign နှင့် အသိပညာပေး ပြောကြားခြင်းများဆောင်ရွက်
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက် ၇ နာရီအချိန်က လူစည်ကားရာ စျေးများ၊ ကျောင်းများ၊ လမ်းများတွင် Mask Campaign ပြုလုပ်ပြီး အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ် ဌာနဆိုင်ရာများနှင့် သုံးထောင်ရွာမကျေးရွာ ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ
Sep 07,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများက နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် သုံးထောင်ရွာမကျေးရွာ၊ ဒေသခံပြည်သူ (၅၀၀) ဦးတို့နှင့် အဆိုပါ ကျေးရွာရှိ ဇေယျသိဒ္ဓိဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့မွန်လွဲ (၁) နာရီအချိန်က စစ်ကြောင်းကြီး (၅) ကြောင်းအသွင်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကျင်းပ
Sep 07,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းမြို့၌ လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့်စပ်လျဉ်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16262
Page
16263
Page
16264
Page
16265
Current page
16266
Page
16267
Page
16268
Page
16269
Page
16270
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department