Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြင်းခြံမြို့နယ် ခေါင်းကွဲကျေးရွာ၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Sep 07,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ခေါင်းကွဲကျေးရွာ၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ရောင်းချပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့တွင် ယာဉ်စည်းကမ်းပညာပေး ပိုစတာစိုက်ထူခြင်းနှင့် ယာဉ်များအား စစ်ဆေး၍ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်
Sep 07,2022
ပြည်သူများ ယာဉ်အန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာပြီး ဘေးကင်းကွာစေရေး အတွက် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့တွင် ယာဉ်စည်းကမ်းပညာပေး ပိုစတာစိုက်ထူခြင်းနှင့် ယာဉ်များအား စစ်ဆေး၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၇)နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး အသိပညာပေး မြေစိုက်ဘုတ်များစိုက်ထူ
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ထိန်းသိမ်းရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း သွားလာနေကြသော ဆိုင်ကယ်မောင်းနှင်ကြသည့် ပြည်သူများအား ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီး ဦးထုပ်အား မေးသိုင်းကြိုးသေချာစွာ တပ်ဆင်မောင်းနှင်ကြခြင်းဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ အသိပညာပေး မြေစိုက်ဘုတ်များကိုမြို့နယ် အတွင်းရှိ မြို့ဝင် မြို့ထွက်နှင့် လူစည်ကားရာလမ်းဆုံနေရာများတွင် ယမန်နေ့ နေ့လယ်ပိုင်းက လိုက်လံ စိုက်ထူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ပျဉ်းမနားမြို့နယ်အတွင်းရှိလုပ်ငန်းရှင်များနှင့်တွေ့ဆုံ
Sep 07,2022
ပျဉ်းမနားခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ပျဉ်းမနားမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ၂ဝ၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ ပြည်နယ်အဆင့် အတီးပြိုင်ပွဲ ယှဉ်…
Sep 07,2022
တိုင်းရင်းသားလူမျိူးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ဦးတည်ချက်နှင့်အညီ မွန်ပြည်နယ်၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန၌ ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း အသိပေးညှိနှိုင်း ဆွေးနွေးပွဲပြုလုပ်
Sep 07,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လူထုအခြေပြုငှက်ဖျားရောဂါကာကွယ်ရေး စီမံကိန်း အသိပေးညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့နယ်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယမန်နေ့ ညနေ(၃)နာရီချိန်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် လပွတ္တလုပ်မြောက်ကျေးရွာအုပ်စု၊ လပွတ္တလုပ် မြောက်ကျေးရွာ၊ လပွတ္တလုပ်တောင်ကျေးရွာအုပ်စု၊ လပွတ္တလုပ်တောင်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း များတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးခရိုင်အတွင်း ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများဆက်လက်ထိုးနှံပေး
Sep 07,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ကျောင်းသားကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်းရှိ အခြေ ခံပညာ ကျောင်းသား/သူများ၊ ဘုန်းတော်ကြီးသင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူများထံမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16261
Page
16262
Page
16263
Page
16264
Current page
16265
Page
16266
Page
16267
Page
16268
Page
16269
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department