အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ

ကလေးဝ စက်တင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို အများပြည်သူများ ဖတ်ရှုလေ့လာနိုင်စေရန် မြို့မစည်ပင်သာယာစျေးနှင့် စျေးရှေ့လမ်းတို့တွင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် လေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာ၊ လေထု ဖွဲ့စည်းပုံ၊ လေထုညစ်ညမ်းမှုများဖော်ပြပါရှိပြီး လက်ကမ်းစာစောင် အစောင် (၂၀၀) ဖြန့်ဝေခဲ့ကြောင်း ကလေးဝမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဦးစီးအရာရှိ ဦးရာဇာဝင်းက ပြောကြားခဲ့ပြီး ယခုနှစ် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့၏ ဆောင်ပုဒ်မှာ “လေထုသန့်ရှင်းဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့ (The air we share)” ဖြစ်ကြောင်း သိရသည်။

ကိုဇော်