Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တောင်ဥက္ကလာပမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ (၈၄၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancopharm) ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Sep 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancopharm) ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉:၀၀)နာရီကစ၍ မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစုရပ်၌ ဆက်လက် ထိုးနှံပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ အခြေခံစာသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေး
Sep 07,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ယနေ့နံနက် ၉နာရီ က အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကွန်တိန်နာဝန်းအတွင်း၌ အခြေခံ လက်လုပ်လက်စား ပြည်သူများအား အခြေခံစားသောက်ကုန်များကို လက်ဝယ်အရောက် ရောင်းချေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်း၌ စံပြကွက်တောင်သူများအား သွင်းအားစုထောက်ပံ့ပေးအပ်ခြင်းနှင့် နည်းပညာ သင်တန်းပေး
Sep 07,2022
ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးသိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်း တင်း(၁၀၀)နှင့်အထက် ထွက်ရှိရေးစံပြကွက် တောင်သူများအား သွင်းအားစု ထောက်ပံ့ပေးအပ်ခြင်းနှင့် နည်းပညာသင်တန်းပေးခြင်းကို ယမန်နေ့ မွန်းလွှဲ (၁)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် ဆွမ်းဆန်တော်နှင့် ဆီ ဆက်ကပ်လှူဒါန်း
Sep 07,2022
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများရှိ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအား ဝါတွင်းကာလ ဆွမ်းကိစ္စအဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်း များဆက်ကပ်လှူ ဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နေ့လည် (၂)နာရီ အချိန်က လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ နောင်ယားကန်သာ(သဘာဝရေပြင်)၌ ငါးမျိုးစိုက်ထည့်ခြင်းနှင့် ငါးမွေးတောင်သူများသို့ ငါးမျိုးများပေးအပ်
Sep 07,2022
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍရေးနှစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း နှင့် ငါးမွေးတောင်သူများသို့ ငါးမျိုးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉)နာရီ အချိန်က လွိုင်ကော်မြို့ နောင်ယားကန်သာ (သဘာဝရေပြင်)၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ် ပင်္ဂကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Sep 07,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ နံနက်(၉)နာရီက ပင်္ဂကျေးရွာသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် စက်မှု/စီးပွားမြေငှားဂရန်လျှာက်ထားမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 07,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ရွာတော်ကျေးရွာအုပ်စု ဦးပိုင်အမှတ် (၁၃/၂) မြေကွက်အမှတ် (၁၄၆/၁၉၂) မြေဧရိယာ(၀.၁၈)ဧကရှိ မြေနေရာအား ကျေးရွာစက်သုံးဆီ အရောင်းဆိုင်မြေနေရာအတွက် စက်မှု/စီးပွားမြေငှားဂရန်လျှောက်ထားမှုအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ညနေ ၄ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့နယ် ထန်းလေးပင်ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်
Sep 07,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ နေ့လယ်(၂)နာရီက ထန်းလေးပင််ကျေးရွာသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16257
Page
16258
Page
16259
Page
16260
Current page
16261
Page
16262
Page
16263
Page
16264
Page
16265
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department