ပေါက် စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ ဦးမျိုးနေဇော်၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူများနေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးစေရေးအတွက် ယနေ့နံနက် ၇ နာရီခွဲအချိန်က လူစည်ကားရာ ပေါက်-ပခုက္ကူ ကားလမ်း၊ မြို့မဈေးအတွင်းနှင့် မြို့လယ်လမ်းဆုံများတွင် Mask Campaign ပြုလုပ်ခဲ့သည်။
ထိုသို့ Mask Campaign ပြုလုပ်ရာတွင် ဒေသခံများနှင့် ခရီးသွားပြည်သူများအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါစည်ကမ်းချက်များနှင့်အညီ နေထိုင်သွားလာကြစေရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြစေရေး အသိပညာပေး ပြောကြားခြင်းနှင့် Mask များကို အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုရွှေယော(အညာမြေ)