အိမ်မဲ စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်းမှာ ကာကွယ်နိုင် ရန်အတွက် အပြင်ထွက်သူတိုင်းမဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ကြရန် အသိပညာပေးခြင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းလုပ်ငန်းများကို အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ အိမ်မဲမြို့နယ်အတွင်း လူစည်ကားရာနေရာများဖြစ်သော မီးသတ်စခန်းရှေ့လမ်းနှင့် မြို့မစျေးကြီးရှေ့တို့တွင် အပြင်ထွက်သူတိုင်း မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ကြရန် အသိပညာပေးခြင်းအနေဖြင့် နှာခေါင်းစည်းအခု (၂၀၀)ကို ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)