တံတားဦးမြို့နယ်တွင် ကျေးလက်နေပြည်သူများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်ဖြည့်ဆည်းနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ စဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်

တံတားဦး စက်တင်ဘာ ၁၁

တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ် ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စဉ်ဆက်အပြတ် ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက တံတားဦးမြို့နယ် ချောင်းခွကျေးရွာအုပ်စု ချောင်းခွကျေးရွာ၌ ကျင်းပကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုက  ဒေသဖွံ့ဖြိုး ရေး ဆိုင်ရာများ၊ ကျေးရွာပြည်သူ့လုံခြုံရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများကို လည်းကောင်း၊ အဖွဲ့ဝင် ဗိုလ်မှူး သန်းနိုင်ဦးက နိုင်ငံတော်စီမံအုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက် များကို အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများနှင့် မြို့နယ်အတွင်း ပြည်သူများလုံခြုံရေးများ ကိုလည်းကောင်း၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနများမှ  ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကိုလည်းကောင်း၊ ရှင်းလင်းဆွေးနွေးပြောကြားသည်။

အဆိုပါတွေ့ဆုံဆွေးနွေး၌ ဒေသခံပြည်သူများက ကျေးရွာအလိုက် ဒေသလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်လမ်း၊ ကုန်ထုတ်လမ်း၊ ရေရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးအစရှိသည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြကြရာ တက်ရောက် လာကြသည့် ဒေသခံပြည်သူများ၏ တင်ပြဆွေးနွေးမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး သက်ဆိုင်ရာဌာနများအလိုက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရဲတင့်