ညောင်ဦးမြို့ လမ်းပိတ်ဆို့လဲကျနေသည့် စိန်ပန်းပင်အား မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်း

ညောင်ဦး  စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အမှတ်(၆)၊ အောင်မြေသာရပ်ရှိ အမှတ်(၄) လမ်းထဲတွင် ယမန်နေ့ညနေ ၄ နာရီအချိန်က စိန်ပန်းပင်လဲကျ၍ လမ်းပိတ်စို့နေခြင်းအား ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးစီးအရာရှိထံက သိရသည်။

အမှတ်(၆) အောင်မြေသာ၊ အမှတ်(၄) လေးလမ်း‌ပေါ် စိန်ပန်းပင်လဲကျနေခြင်းအား ညောင်ဦးမြို့နယ် မီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးရဲမင်းထွန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်(၅)ဦး၊ အထောက်အကူပြယာဉ်တစ်စီး၊ အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၅)ဦး၊ လူမှုကူညီရေးယာဉ်တစ်စီးတို့ဖြင့် လမ်းပိတ်ဆို့ပဲ့ကျနေသည့် ကုက္ကိုကိုင်းအား ရှင်းလင်းဖယ်ရှားပေးခဲ့ကြရာ ညနေ ၆ နာရီ ၁၅မိနစ်အချိန်ခန့်တွင် ဖယ်ရှားရှင်းလင်း ပေးနိုင်ခဲ့ကြောင်း၊ စိန်ပန်းပင်လဲကျမှုကြောင့် လူ/ယာဉ်နှင့် တိရစ္ဆာန်၊ အဆောက်အဦများ ထိခိုက်ဆုံးရှုံးပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ