စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ မဟာနီလာ နှစ်ဘီး၊ သုံးဘီးဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မုံရွာ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ စစ်ကိုင်းစက်မှုဇုန်အတွင်းရှိ မဟာနီလာ နှစ်ဘီး၊ သုံးဘီး ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းထုတ် လုပ်ရေးစက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိရာ စက်ရုံအုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်နီလာအေးက စက်ရုံတည်ဆောက်ခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာကိစ္စရပ် များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စက်ရုံဖွင့်လှစ်ခြင်း အထိမ်းအမှတ် ဂုဏ်ပြုအမှာ စကား ပြောကြားပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ စစ်ကိုင်းစက်မှုဇုန်စီမံ ခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုမြင့်၊ ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်နီလာအေးတို့က အဆိုပါ စက်ရုံအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်ရုံအတွင်း မဟာနီလာ နှစ်ဘီး၊ သုံးဘီး ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်နေမှု၊ တပ်ဆင်နေမှုများအား လိုက်လံကြည့်ရှုစစ် ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

ခရိုင် (ပြန်/ဆက်)