Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လွိုင်ကော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွ…
Sep 12,2022
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပါဝင်သော နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း (၅)ကြောင်းဖြင့် နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ရပ်ကွက်/ကျေးရွာ ပြည်သူများအား တွေ့ဆုံ၍ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧက(၅၀၀)ရပ်ကွက်နှင့် ရေနီကန်ကျေးရွာတို့၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းတိုင်းရင်းသားစာပေ K.G ပုံပြစာအုပ် အတည်ပြုပေးအပ်ပွဲ အခမ်းအနားကျင်းပ
Sep 12,2022
မြေပြန့်ဒေသပအိုဝ်းတိုင်းရင်းသားစာပေ K.G ပုံပြစာအုပ်ပြုစုရေးသားရေးအဖွဲ့မှ K.G ပုံပြစာအုပ်ရေးဆွဲပြီးစီး၍ ကရင်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားများသို့တင်ပြခြင်းနှင့် ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ သို့ပေးအပ်တင်ပြခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ ခန့်က ကရင်ပြည်နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုရုံး၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ အခြေခံစားသောက်ကုန် (၄) မျိုးအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး
Sep 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်ရာမြိုင်ရပ်ကွက် ဈေးရှေ့၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန် (၄) မျိုးကို ယနေ့နံနက် ၇ နာရီက ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဏ္ဏားကျွန်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ
Sep 12,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးလှရွှေနှင့်အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ယနေ့၊ နံနက်(၈)နာရီက မြို့မဈေးလမ်းတစ်လျှောက် လမ်းသွား လမ်းလာပြည် သူများအား နှာခေါင်းစည်း (Mask)များ (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်တွင် အသက်(၁၂)နှစ်မှ(၁၈)နှစ်အကြားရှိ ကျောင်းသူ/သားများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေး
Sep 12,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ၂၀၂၂-၂၀၂ခု၊ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းများရှိ အသက်(၁၂) နှစ်မှ(၁၈)နှစ်အကြား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယ)အကြိမ်ထိုးနှံပြီး (၃)လ ကြာပြီးဖြစ်သောကျောင်းသူ/သားများအား ယမန်နေ့က ကျန်းမာရေးဌာန ဆရာမများက သက်ဆိုင်ရာဆေးထိုးစုရပ် ကျောင်းများသို့ ကွင်းဆင်း၍ Booster Dose ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ ရေနေနို့တိုက်သတ္တဝါများ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်နိုင်ရေး အသိပညာပေး ပိုစတာစိုက်ထူ
Sep 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက မျိုးသုဉ်းရှားပါးရေနေ နို့တိုက်သတ္တဝါများ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး အသိပညာပေး ပိုစတာစိုက်ထူခြင်းကို ယမန်နေ့နံနက် (၈)နာရီက ဒေးဒရဲ၊ ဖျာပုံ၊ ရန်ကုန်ကားလမ်းမပေါ်ရှိ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အ.ထ.က (ပုဏ္ဏားကျွန်း)၌ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ (အခမဲ့) ပြုလုပ်ပေး
Sep 12,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ (အခမဲ့) ပြုလုပ်ပေးခြင်းကို ယမန်နေ့၊ နေ့လယ်ပိုင်းက ပုဏ္ဏားကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် ပေါင်းကလေးကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ကျေးရွာနေပြည်သူများနှင့်…
Sep 12,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော အဖွဲ့များဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီက ပေါင်းကလေးကျေးရွာ ဓမ္မာရုံသို့ သွားရောက်၍ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16142
Page
16143
Page
16144
Page
16145
Current page
16146
Page
16147
Page
16148
Page
16149
Page
16150
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department