မြဝတီ စက်တင်ဘာ ၁၁
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ အိမ်ထောင်ရှိ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းခဲ့ခြင်းကို ယနေ့နံနက် ၈ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးတင့် က အဖွင့်အမှာစကား ပြောကြားပြီး ကရင်ပြည်နယ်သာသနာ့နုဂ္ဂဟအသင်း ဥက္ကဋ္ဌ ဦးစောမုတ်သုန်က အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဆန်၊ ဆီ၊ ငါးသေတ္တာ၊ အချို့မှုန်၊ ဆား၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူများဖြစ်သည့် အခြေခံစားသောက်ကုန်များ (၇)မျိုးကို ကရင်ပြည်နယ်သာသနာ့နုဂ္ဂဟအသင်း ဥက္ကဋ္ဌ ဦးစောမုတ်သုန် က ခရိုင်အဆင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများအား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ အခြေခံကုန်စားသောက် ကုန်များကို ကရင်ပြည်နယ်သာသနာ့နုဂ္ဂဟအသင်း ဥက္ကဋ္ဌ ဦးစောမုတ်သုန်နှင့် သီရိသုဓမ္မသိင်္ဂီ ဒေါ်အေးဒေါ်နော်ဖောဖော မိသားစုမှ ထောက်ပံ့လှူဒါန်းခြင်းဖြစ် ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)