ညောင်ဦး စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ရှင်အဇ္ဇဂေါဏဘုရားပရဝဏ်အတွင်း ယနေ့ နံနက် ၈နာရီခွဲအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဇေယျသိဒ္ဓိစာသင်တိုက်၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ သီလှရှင်ဆရာကြီး ဒေါ်ခေမာစာရီ အမှုပြုသော ကုသိုလ်ရှင်များမှ ညောင်ဦးမြို့ အတွင်းရှိ ပင့်သံဃာ ၁၂၀ ပါး၊ သီလရှင်ဆရာလေး ၁၀၈ ပါး၊ အသက် ၇၅ နှစ်အထက် အဘိုး အဘွား ၁၂၀ ဦးအား ဆန်၊ ဆီ၊ ဆား၊ မုန့်မျိုးစုံနှင့် ဝတ္ထုငွေများလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆရာတော်/သံဃာတော်များ ဟောကြားသည့် တရားတော်နှင့် ဆယ်ပါး သီလကို ခံယူဆောက်တည်ကြပြီး သင်္ဃန်းအစရှိသော လှူဖွယ်ပစ္စည်းများအား ညောင်ဦး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် ဧည့်သည် တော်များမှ ဆရာတော်အရှင်သူမြတ်တို့အား ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေကြသည်။ ပြီးနောက် ပင့်လျှောက်ထား သည့်သံဃာ ၁၂၀ ပါး၊ သီလရှင် ၁၀၈ ပါးနှင့် ဖိတ်ကြားထားသည့် သက်ကြီးဘိုးဘွား ၁၂၀ ဦးတို့အား ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဇေယျသိဒ္ဓိစာသင်တိုက်၊ မဟာသဒ္ဓမ္မဇောတိကဓဇ သီလှရှင်ဆရာကြီး ဒေါ်ခေမာစာရီ အမှူပြုသော ကုသိုလ်ရှင်များမှ ဆန်၊ ဆီ၊ ဆား၊ မုန့်မျိုးစုံ၊ အဝတ်အထည်နှင့် ဝတ္ထုငွေများအား အဘိုးအဘွားများသို့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ