မိတ္ထီလာမြို့နယ် သမဝါယမအသင်းစု၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မိတ္ထီလာ စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သမဝါယမအသင်းစု၏ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်နှင့် ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီ အချိန်က အဆိုပါ သမဝါယမအသင်းစုခန်းမ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားတွင် ရှေးဦးစွာ သဘာပတိဖြစ်သူ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်ငြိမ်းက အမှာစကားပြောကြားသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်က အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေး ကျင်းပရခြင်းအကြောင်းနှင့် လမ်းညွှန်အမှာစကားပြောကြားသည်။ ဆက်လက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွေးနုနုလှိုင်က အမှာစကားပြောကြားပြီး ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်နှင့် ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာရေးနှစ် (၁၈)လစာ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေမှုစာရင်းများအား အတွင်းရေးမှူးဦးသောင်း ရွှေအောင်က ဖတ်ကြားတင်ပြသည်။ မြို့နယ် သမဝါယမအသင်းစု ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို အမှုဆောင် ဦးမြင့်နိုင်က  ဖတ်ကြားတင်ပြပြီး ၂ဝ၂ဝ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂ဝ၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ဘဏ္ဍာရေးစာရင်းများအပေါ် အသင်းစာရင်းစစ်အဖွဲ့၏ စစ်ဆေး တွေ့ရှိ ချက် အစီရင်ခံစာကို အသင်းစာရင်းစစ် ဦးထွန်းအောင်ကျော်က ဖတ်ကြားတင်ပြသည်။ ထို့နောက် လုပ်ငန်းအစီ အရင်ခံစာ၊​ နှစ်ချုပ်ဘဏ္ဍာရေးစာရင်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ အမြတ်ခွဲဝေစာရင်းများကို အရပ်ရပ်ဆိုင်ရာ အစည်းအဝေးမှ မှတ်တမ်းတင်အတည်ပြုကြောင်း ဆုံးဖြတ်ချက်များကို တက်ရောက် လာကြသည့် တာဝန်ရှိသူများနှင့် မြို့နယ်သမဝါယမအသင်းစု အသင်းသားအသင်းဝင်များက ချမှတ်ကြသည်ပြီး သဘာပတိ ဦးကျော်ငြိမ်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ချမ်းသာ