ရန်ကင်း စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ အကောင်းအဆိုး၊ အမှား/အမှန်ကို ဝေဖန်ပိုင်းခြား နိုင်စေရန်၊ စာဖတ်စွမ်းရည်ထက်မြက် လာစေရန်နှင့် အနာဂတ်သားကောင်းရတနာများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နံနက် ၉ နာရီမှ ၁၁ နာရီအထိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးမှ အထက်တန်းနှင့် အလယ်တန်းအဆင့်များဖြစ်၍ ပြိုင်ပွဲတွင် ရိုးသားကြိုးစားစွာဖြင့် ယှဉ်ပြိုင်ကြရန်၊ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်တတ်သည့် အလေ့အထ ကောင်းများ ရရှိနိုင်စေရန်၊ ကျောင်းသူ၊ ကျောင်းသားများ၏ တွေးခေါ်မှုမြင့်မားလာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပခဲ့ရာ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းမှ မ(၅)ဦး၊ အလယ်တန်းမှ ကျား(၃)ဦး၊ မ(၆)ဦး၊ ပေါင်း(၉)ဦးနှင့် ကဗျာပြိုင်ပွဲတွင် အထက်တန်းမှကျား(၁) ဦး၊ မ(၂)ဦး၊ ပေါင်း(၃)ဦး၊ အလယ်တန်းမှ မ(၃)ဦး၊ စုစုပေါင်း(၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိသူများနှင့် ဝင်ရောက်ယှဉ်ပြိုင်ကြသူများအား ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ပညာရေးစစ်ကြောင်းအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)