အမ်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်မျိုးရိုးဗီဇပြောင်း BA-5 ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်

အမ်း စက်တင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ အိုမီခရွန်မျိုး ရိုးဗီဇ ပြောင်း BA-5 ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ဖြင့် ယနေ့ နံနက်အချိန်က လူစည်ကားရာ လမ်း ဆုံလမ်းခွများနှင့် အမ္ဗနဒီ စျေး​ရှေ့၌ ဒေသခံပြည်သူများ စျေးဝယ်သူများအား  Mask  Campaign အသိပညာပေး ဆောင်ရွက်ခြင်းနှင့် မြို့ပေါ်ရပ်ကွက်များ၌ လှည့်လည်အသိ ပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်မျာခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များက ပြည်သူများအား နှာခေါင်းစည်း Mask များ အခမဲ့ တပ်ဆင်ပေးခြင်း၊ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ကာ ရပ်ကွက်များအတွင်း အသံချဲ့စက် များဖြင့် ကူးစက်မြန်ကိုဗစ်-၁၉ အိုမီခရွန်မျိုးရိုး ဗီဇပြောင်း BA-5 ရောဂါသည် ပြည်တွင်း ကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီဖြစ်သဖြင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတ်မှတ် စည်းကမ်းချက် များနှင့် အညီ လိုက်နာကြရန်၊ ပြည်သူများ  အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွား လာရန်၊ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စိုးမင်းထွန်း