တောင်ငူ စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ် လုပ်ငန်းများ တိုးတက်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို တောင်ငူ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင် ဦးစီး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့တွင် ကင်းဆိပ်အုပ်စု၊ ကံတော်ပေါက် ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ''တစ်လ ၁၀ ရွာ ကွင်းဆင်းထိတွေ့ နိုင်ရေး'' ရည်မှန်းချက်ထားဆောင်ရွက်မှုတွင် မူဝါဒများချပြခြင်း၊ အခက်အခဲများဖြေရှင်းပေး ခြင်းများအပြင် နည်းစနစ်များ မျှဝေပေးနိုင်ရေးများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာနများမှ တာဝန်ရှိသူအရာရှိ များက ဒေသခံများ၏ ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အခက်အခဲများအား ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး ဒေသခံတောင်သူများက သိရှိလိုသည်များ မေးမြန်းရာတာဝန်ရှိသူ များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် ဆက်လက်၍ စိုက်ပျိုးရေးဌာနမှ ''သရက်ကိုင်း ကူးခြင်း'' ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာနမှ ''ဆပ်ပြာပြုလုပ်ခြင်း'' နည်းပညာများအား လက်တွေ့သရုပ်ပြသခဲ့ကြပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး Booster ထိုးနှံမှုအား ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)