Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြိတ်မြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၁/၂ဝ၂၂) ဖွင့်လှစ်
Sep 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့တွင် နိုင်ငံတကာ၌ အသုံးပြုလျက်ရှိသည့် ခေတ်မီ အခြေခံရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများအား ကျွမ်းကျင်ပိုင်နိုင်စွာ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း အသုံးပြုတတ်စေရန်နှင့် အခြေခံရှာဖွေကယ်ဆယ်ရေး နည်းစနစ်များကို လက်တွေ့လေ့ကျင့်သင်ကြားပေးနိုင်ရန်အတွက် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂ဝ၂၂)ကို ယနေ့ နံနက် (၉)နာရီက မြိတ်ခရိုင်မီးသတ်ဦးစီးဌာနတွင် ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင် သွားလာရေး လှုပ်ရှားမှုပြုလုပ်
Sep 12,2022
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး ပြည်သူများအနေဖြင့် နေအိမ်ပြင်ပမှ ထွက်ခွာသွားလာတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာကြရန် အသိပညာပေး လှုပ်ရှားမှုကို ယနေ့နံနက် ၉ နာရီက မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်၌ ၂၀၂၂ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ
Sep 12,2022
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတကြွယ်ဝတိုးတက်စေရန်နှင့် ကမ္ဘာ့အထိမ်းအမှတ်နေ့များနှင့် သက်ဆိုင်သည့် ဗဟုသုတများရရှိစေရန် ရည်ရွယ်ချက်တို့ဖြင့် ၂၀၂၂ ခုနှစ် အောက်တို ဘာ ၅ ရက်နေ့တွင် ရောက်ရှိမည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ဒဂုံမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်၌ ယမန်နေ့နံနက် ၉ နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းသာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု ပြုလုပ်
Sep 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ်ဖြစ်ပွားလျက်ရှိသော ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၇ နာရီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မျိုးသုဉ်းရှားပါး ရေနေနို့တိုက်သတ္တဝါများ ထိန်းသိမ်းကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဗီနိုင်းပိုစတာစိုက်ထူခြင်း ဆောင်ရွက်
Sep 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အတွင်းရှိ ကမ်းနီးငါးဖမ်း ရေလုပ်ငန်းရှင်များနှင့် ရေထွက်ပစ္စည်း ဝယ်ယူစုဆောင်းခွင့် လုပ်ငန်းရှင်များအား မျိုးသုဉ်းရှားပါး ရေနေနို့တိုက်သတ္တဝါများ ထိန်းသိမ်းကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည် ၁၂ နာရီက ငါးလုပ်ငန်းဦးစီးဌာန(ချောင်းသာမြို့ရုံး)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံလူတန်းစားများဈေးနှုန်းချိုသာစွာ ၀ယ်ယူစားသုံးနိုင်ရန် ဆန်၊ ဆီ၊ ကြက်ဥနှင့်ဒေသထွက် အသီးအနှံများ သက်သာသောစျေးနှုန်းဖြင့်…
Sep 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ၀န်ထမ်းများမှ ယမန်နေ့နံနက် (၇)နာရီတွင် ညောင်ကျေးရွာ မင်းကြီးလမ်း၌ အခြေခံလူတန်းစားများ ဈေးနှုန်းချိုသာစွာ ၀ယ်ယူစားသုံးနိုင်ရေးအတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဒေသထွက်အသီးအနှံများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Sep 12,2022
ကယားပြည်နယ်ရဲတပ်ဖွဲ့မှ ၂၀၂၂ ခု အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၇ နာရီအချိန်က လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ မင်းကျောင်းပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၌ ကယားပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမောင်မောင်ဦး၊ လွိုင်ကော်ခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီးထင်အောင်လင်း တို့ဦးစီး၍ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ၊ လွိုင်ကော်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ လွိုင်ကော်မြို့နယ် ရဲတပ်ဖွဲ့၊ အမှတ်(၅)မှုခင်း ရဲတပ်ဖွဲ့စု (CID)၊ အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (လွိုင်ကော်)၊ လူကုန်တားရဲတပ်ဖွဲ့စု၊ ရဲအရာရှိ/ အရာခံ/ အကြပ်/ တပ်သား/ ရဲမေ တပ်ဖွဲ့ဝင်များ စုစုပေါင်း (၉၂)ဦးခန့်တို့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် မိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးဝန်ထမ်း/ တောင်သူနည်းပညာပေး သင်တန်းဖွင့်
Sep 12,2022
စစ်ကိုင်းခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ မိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဝန်ထမ်း/ တောင်သူ နည်းပညာပေးသင်တန်းဖွင့်ပွဲကို စက်တင်ဘာ(၁၂)ရက်၊ နံနက်(၉)နာရီက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာ ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16141
Page
16142
Page
16143
Page
16144
Current page
16145
Page
16146
Page
16147
Page
16148
Page
16149
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department