ဟင်္သာတ စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား တိုင်း ၉ မှ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး၊ ကုန်ကျစရိတ်သက်သာစေ ရေးနှင့် မိမိတို့ သွားလိုရာသို့ အချိန်တိုအတွင်းသွားလာနိုင်ရေးအတွက် ပုသိမ်-ဟင်္သာတ-ကြံခင်း သို့ ၁၈၁ အဆန်အမြန်ရထားနှင့် ၁၈၂ အစုန် အမြန်ရထားများကို စက်တင်ဘာ ၁၁ ရက်နေ့မှ စတင်၍ ပြန်လည်ပြေးဆွဲပေးနေကြောင်း သိရသည်။
ယနေ့တွင် ကြံခင်းဘက်မှ ပုသိမ်သို့ ၁၈၂ အစုန်ရထားသည် ကြံခင်းဘူတာမှ နံနက် ၆ နာရီက ခရီးသွားပြည်သူများ တင်ဆောင်၍ စတင်ထွက်ခွာလာပြီး ဟင်္သာတဘူတာသို့ ၁၀ နာရီတွင် ရောက်ရှိခဲ့ရာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင်နှင အဖွဲ့ဝင် များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရုံပိုင်ကြီး ဦးအေးမင်းဦးနှင့် မီးရထားဝန်ထမ်းများ ပြည်သူများက ကြိုဆိုခဲ့ကြပြီး ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများက ၁၈၂ အစုန်အမြန် ရထား စက်ခေါင်းအမှတ် DF-1261 အား အမွှေးနံ့သာရည် များဖြင့် ပတ်ဖြန်းပေးခဲ့ကြပြီး မီးရထားစီး ခရီးသွားပြည်သူများကို နှာခေါင်းစည်း Mask များ၊ ရေသန့်ဘူး နှင့် မုန့်များ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ၁၈၂ အစုန် အမြန်ရထားသည် ပုသိမ်ဘက်သို့ လိုက်ပါမည့် ခရီးသွားပြည်သူ ခရီးသည် ၁၂၃၈ ဦးတို့ကို တင်ဆောင်လျက် ပုသိမ်ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
ကိုဇော်-ဟင်္သာတ