အမြို့မြို့အနယ်နယ်သတင်းများ

Sep 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ ပြည်သူများ စာပေဖတ်ရှုလေ့လာပြီး အပြန်အလှန်ဆွေးနွေးခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ဗဟုသုတ အတွေးအမြင်များ အပြန်အလှန်ရရှိစေရန်၊ စာပေချစ်မြတ်နိုးစိတ်နှင့် စာဖတ်ရှိန်မြင့်မားလာစေရန်တို့အတွက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁ဝ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Sep 12,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း(Booster Does) တတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၄)ရပ်ကွက်၊ မြို့လယ်သံဓမ္မာ၌ စတင်ထိုးနှံပေးလျက်ရှိသည်။
Sep 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူး​ပေါင်းပြီး ဥသျှစ်ပင်စည်ပင်သာယာစျေး၊ ဥသျှစ်ပင်လမ်းဆုံ၌ ယမန်နေ့နံနက်(၇:၃၀) အချိန်ကစ၍
Sep 12,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊မြို့သစ်မြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့က ရပ်/ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်းဖွင့်ပွဲကို မြို့သစ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။ အခမ်းအနားတွင် မြို့နယ်လူကုန်ကူးမှုတား ဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လူကုန်ကူးမှု
Sep 12,2022
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့၌ ကိုဗစ်-၁၉အိုမီခရွှန်မျိုးကွဲ B4B5 ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက်  လူစည်ကားရာနေရာတို့တွင် သွားလာကြသည့် ပြည်သူ့များအား နှာခေါင်းစည်း mask တပ်ဆင်၍သွားလာကြရေးအတွက် maskနှာခေါင်းစည်းများကိုအခမဲ့ဖြန့် ဝေပေးလျက်ရှိရာ ယနေ့နံနက် ၈နာရီအချိန်က  အမှတ်၅ရပ်ကွက် ဇိနသုခဘုရားရှေ့လမ်းမကြီးတွင်  အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Sep 12,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်(၈)နာရီအချိန်က ကမမောင်းမြို့မစျေးတွင် Mask Campaign ပြုလုပ်ခြင်းနှင့် အသိ ပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Sep 12,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် ၇ နာရီအချိန်မှစ၍ လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း(Mask)များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။