တံတားဦး စက်တင်ဘာ ၁၂
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် COVID-19ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့နံနက်(၇)နာရီအချိန်က တံတားဦးမြို့ အမှတ်-၂ ရပ်ကွက် ဆုံကုန်းရပ် မြို့ဝင်၊ မြို့ထွက် ဆိုင်းဘုတ်အနီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြုလုပ်သည့်နေရာသို့ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြို့ဇော်ကိုကိုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရောအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောက့်ရှောက်ရေး အသင်းဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆုံကုန်းရပ်မြို့ဝင်၊ မြို့ထွက်ဆိုင်းဘုတ်အနီးတွင် ခရီးသွားလာကြသည့် ပြည်သူများ၊ ဒေသခံပြည်သူများ၊ မော် တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား Mask ခုရေ(၂၀၀၀)ကို စုစုပေါင်းအင်အား(၅၀)ဦးဖြင့် ဝေငှပေးကြသည်။
COVID-19 အိုမီခရွန်ထပ်ဆင့်မျိုးခွဲ BA.4 ၊ BA.5 ရောဂါသည် ပြည်တွင်း ကူးစက်မှု ပြန်လည်ဖြစ်ပွား လာပြီဖြစ်သဖြင့် ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ဒေသခံပြည်သူများ အဆိုပါရောဂါမှ ကင်းဝေးစေရန်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် ကြိုတင်ကာကွယ်ရေး ဆိုင်ရာများကို စနစ်တကျ သိရှိလိုက်နာ ဆောင်ရွက်ရေး၊ လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်၍ အပြင်သို့သွားလာခြင်း၊ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများထိုးကြရန်လိုကြောင်း၊ ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ လူစုလူဝေးပြုလုပ်ခြင်းမှ ရှောင်ကြရန်လိုကြောင်း စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုး ဇော်ကိုကို၏ ပြောကြားချက်များအရသိရသည်။
ရဲတင့်