စစ်တွေ စက်တင်ဘာ ၁၁
လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Showကို ယနေ့နံနက်ပိုင်းက စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်စိုးက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအားအသိပညာ ပေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ထို့နောက် ဦးမြင့်စိုးနှင့် အမှတ်(၅) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(စစ်တွေ)မှ ရဲမှူးမျိုးလွင်တို့က လူကုန်ကူးသူများအသုံးပြု လုပ်ဆောင်နေသည့်နည်းလမ်းများ၊ မြန်မာနိုင်ငံတွင် လူကုန်ကူးမှုဖြစ်စဉ်များကို ပုံစံမျိုးစုံနှင့်တွေ့ရှိမှု၊ လူကုန်ကူးမှုဥပဒေ၊ လူကုန်ကူးမှုကျူးလွန်ပါက ချမှတ်နိုင်သည့် ပြစ်ဒဏ်များ၊ လူကုန်ကူးခံရခြင်း ကြောင့် ဖြစ်ပေါလာနိုင်သည့် ဆိုးကျိုးအန္တရာယ် များနှင့် ရခိုင်ပြည်နယ်အတွင်း လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဆောင်ရွက်နေမှုများကို အသိပညာပေးဆွေးနွေး ပြောကြားကြသည်။
စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအားအသိ ပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ရုံးစာကြည့်တိုက်များတွင် စာအုပ်၊ စာပေများအားအခမဲ့ ငှားရမ်းပေးခြင်း၊ ပြည်သူများအသိပညာဗဟုသုတ ရရှိစေမည့် အစီအစဉ်များကို Online မှတစ်ဆင့် ထုတ်လွှင့်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
တင်ထွန်း (ပြန်/ဆက်)