ပုသိမ် စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် အမှတ်(၄)နယ်မြေ ပန်းတင်ကုန်းရပ်ရှိ မီးရထား ဘူတာရုံ၌ ပုသိမ်-ကြံခင်းပြေးဆွဲလျက်ရှိသည့် အမှတ်(၁၈၁) အဆန်ရထား စတင် ပြေးဆွဲမှုအခမ်းအနားကို ယနေ့ နံနက် (၅)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပုသိမ်-ကြံခင်း အမြန် ရထားစတင်ပြေးဆွဲမှု အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရထားပေါ်တွင် စီးနင်းလိုက်ပါသူ များအား ရင်းရင်နှီးနှီးလိုက်လံနှုတ်ဆက်စကား ပြောကြားကာ ကိုဗစ်-၁၉ ရောဂါ ပျံ့နှံမှုများဖြစ်ပေါ်နေ သည့်အတွက် Mask များ တပ်ဆင်သွားကြရန်နှင့် တနင်္ဂနွေနေ့ကို ပလတ်စတစ် ကြွပ်ကြွပ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားသည့်အတွက် ပလတ်စတစ် အိတ်အစား စက္ကူဖြင့်ပြုလုပ်သော အသုံးအဆောင်ပစ္စည်းဖြင့် ထုတ်ပိုးယူဆောင်မှုပြုကြရန် ပြောကြားခဲ့ပြီး ပုသိမ်-ကြံခင်း အမြန်ရထားသည် နံနက် ၆ နာရီတွင် ပုသိမ်မြို့မှ စတင်ထွက်ခွာ သွားခဲ့သည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရီးသွားပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
မြင့်ဟန်