ဆင်ပေါင်ဝဲမြို့နယ်၌ Mask Campaign ပြုလုပ်

ဆင်ပေါင်ဝဲ စက်တင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရီးသွားပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်းMaskများ နေအိမ်ပြင်ပထွက်တိုင်း Mask မဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေး Mask Campaign ကို ပြည်သူများ ရောဂါကူးစက်မှုမခံရစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက   မြို့မဈေးနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်/ ဆက်ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့တို့က စျေးဝယ်၊ စျေးရောင်းသူများ၊ လမ်းသွားလမ်းလာပြည်သူများအား စနစ်တကျ Mask များ တပ်ဆင်သွားလာရေး အသိပညာပေးနှိုး ဆော်ဆောင်ရွက်ခဲ့ပြီး Mask များအား ပြည်သူများကို ကိုယ်တိုင်ကိုယ်ကျတပ်ဆင်ပေးပြီး အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ပြန်/ ဆက်)