အမြို့မြို့အနယ်နယ်သတင်းများ

Oct 04,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့များအားအတွက် နယ်အရန်ယူနီဖောင်းများ ခွဲဝေပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။
Oct 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် အသက်(၂)လမှ (၁)နှစ်ခွဲထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာ ရေးဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာနများဖြစ်သော အမှတ် (၃၆)၊ အမှတ်(၄၈)၊ အမှတ်(၅၀) ဆေးခန်းများတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
Oct 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ပြည်သူများ စားဝတ်နေရေးသက်သာချောင်ချိစေရန် ရည်ရွယ်၍ ဒေသခံကမ်းဝေး၊ ကမ်းနီး၊ ဝယ်/စုဒိုင်လုပ်ငန်းရှင်များမှ ပြည်သူများထံသို့ ငါးမျိုးစုံ ကုန်ချိန်(၈၀) ပိဿာအား ယနေ့ နံနက်(၇)နာရီ အချိန်တွင် အမှတ်(၃)ရပ်ကွက်၊ မြတ်သီရိ ကိုယ်ထူကိုယ်ထပျံကျစျေး၌ အခမဲ့ပေးဝေလှူဒါန်းခဲ့ကြောင်း သိရ သည်။
Oct 04,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြောက်ဥက္ကလာပမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉:၀၀ အချိန်က မြို့နယ်စာရေးဆရာများနှင့် စာပေ ချစ်သူများ စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြသည်။
Oct 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ယမန်နေ့ညနေ (၄:၀၀)နာရီအချိန် တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
Oct 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြို့နယ်မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို အမှတ်(၉)ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Oct 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လူငယ်နှင့်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၁)နာရီက အ.ထ.က(ခွဲ) (လ-၂) ကျောင်းခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 04,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ အခမဲ့ဌားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ်စာရင်းစစ်ရုံးသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။