ဟိုင်းကြီးကျွန်း အောက်တိုဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ပြည်သူများ စားဝတ်နေရေးသက်သာချောင်ချိစေရန် ရည်ရွယ်၍ ဒေသခံကမ်းဝေး၊ ကမ်းနီး၊ ဝယ်/စုဒိုင်လုပ်ငန်းရှင်များမှ ပြည်သူများထံသို့ ငါးမျိုးစုံ ကုန်ချိန်(၈၀)ပိဿာအား ယနေ့ နံနက်(၇)နာရီ အချိန်တွင် အမှတ်(၃)ရပ်ကွက်၊ မြတ်သီရိ ကိုယ်ထူကိုယ်ထပျံကျစျေး၌ အခမဲ့ပေးဝေလှူဒါန်းခဲ့ကြောင်း သိရ သည်။
အဆိုပါ ပေးဝေလှူဒါန်းခြင်း အစီအစဉ်သို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ အရာရှိကြီးများ၊ မြို့အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ အလှူရှင်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး သဒ္ဒါတရား ထက်သန်စွာဖြင့် ပေးဝေလှူဒါန်းခဲ့ကြကြောင်း သိရသည်။
လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)