ကျောက်တံခါး အောက်တိုဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့များအားအတွက် နယ်အရန်ယူနီဖောင်းများ ခွဲဝေပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ခွဲဝေပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းမင်းလတ် က နယ်အရန်ယူနီဖောင်းများ ခွဲဝေပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်အတွင်းရှိ ကျောက်တံခါး၊ ပဲနွယ်ကုန်၊ ဖဒိုနှင့် တောကျွဲအင်းမြို့များရှိ နယ်အရန်မီးသတ်စခန်း (၄)ခုအတွက် နယ်အရန်မီးသတ်စခန်းတစ်ခုလျှင် နယ်အရန်ယူနီဖောင်း (၂၅)စုံဖြင့် စုစုပေါင်း (၁၀၀)စုံအား သက်ဆိုင်ရာ နယ်အရန်မီးသတ်စခန်းတာဝန်ခံများအား ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)