အမြို့မြို့အနယ်နယ်သတင်းများ

Oct 05,2022
နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ကယားပြည်နယ်၊ ​​​ဘောလခဲခရိုင်၊ ဖား​​ဆောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ အိုမီခရွန်မျိုးရိုးဗီဇပြောင်း BA-4၊ BA-5 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းကို အရှိန်အဟုန်မြှင့်​ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၇)နာရီခွဲအချိန်က ဖား​ဆောင်းမြို့၊ မြို့လည်လမ်းဆုံမီးပွိုင့်တွင်  ပြုလုပ်ခဲ့​ကြောင်းသိရသည်။
Oct 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများ လယ်ယာထုတ်ကုန် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဓာတ်မြေ သြဇာ စျေးနှုန်းကြီးမြင့်မှုကြောင့် အထွက်နှုန်းလျော့နည်းကျဆင်းမှု မဖြစ် ပေါ်စေရေးအတွက် နိုင်ငံတော်သတ်မှတ်စျေးနှုန်း (၃၀၀၀၀)ကျပ်ဖြင့် ယူရီးယားဓာတ်မြေသြဇာအိတ်များ ယမန်နေ့က ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
Oct 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်း ကာရာအိုကေဆိုင်ဖွင့်လှစ် နိုင်ရန်လုပ်ငန်း လိုင်စင်လျှောက်ထားသော ဆိုင်(၉)ဆိုင် အား ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အဆင့် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီဝင်များမှ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ စီမံကိန်း(၂)ရှိ ဝေနေယျသုခဓမ္မာရုံတွင် ယမန်နေ့နံနက်(၈:၃၀)အချိန်က ကိုဗစ်-၁၉ ရောဂါပိုး စောင့်ကြည့်ထိန်းချုပ်နိုင်ရေးနှင့် အခြေခံစားသောက်ကုန်လာရောက်ဝယ်ယူကြသော ပြည်သူများ၊ လမ်းသွားလမ်းလာခရီးသွားပြည်သူများ နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျဝတ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာကျင့်သုံးစေရေးရည်ရွယ်၍ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။
Oct 05,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန သည် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို မြို့ပေါ်ရပ်ကွက်များရှိ အခြေခံ ပညာကျောင်းများအပြင် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ
Oct 05,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်  ယမန်နေ့နံနက်(၈:၃၀)အချိန်မှစ၍ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ စီမံကိန်း(၂)ရှိ ဝေနေယျသုခဓမ္မာရုံတွင် အခြေခံစားသောက်ကုန်များအား ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ ကြောင်းသိရသည်။
Oct 05,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီများ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ငွေစာရင်းထိန်းသိမ်းမှု သင်တန်းကို ယမန်နေ့ နံနက်(၉)နာရီခွဲက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
Oct 05,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်း သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် သော်မှော်ကုန်းစံပြကျေးရွာတွင် ကျင်းပခဲ့သည်။