ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက်(၂)လမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ဒဂုံမြောက် အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် အသက်()လမှ ()နှစ်ခွဲထိ  ကလေးငယ်များအား  ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာ ရေးဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာနများဖြစ်သော အမှတ် (၃၆) အမှတ်(၄၈) အမှတ်(၅၀) ဆေးခန်းများတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို  သက်ဆိုင်ရာ ဒေသန္တရ ကျန်းမာရေးဌာနဆေးခန်းများအလိုက် လစဉ်လဆန်းရက်များ၌ ထိုးနှံတိုက်ကျွေးလျှက်ရှိရာ ယနေ့နံနက် ()နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ်(၅၀) ရပ်ကွက် ဒေသန္တရ ကျန်းမာရေးဆေးခန်းတွင် ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက် အမြှေးရောင် ရောဂါ၊ ()မျိုးစပ် ကာကွယ်ဆေး (BCG) ပိုလီယသောက်ဆေး၊ ထိုးဆေးများကို တိုက်ကျွေးပေးခြင်းးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ (ဒဂုံမြောက်)