တောင်ဥက္ကလာပမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

တောင်ဥက္ကလာပ  အောက်တိုဘာ  

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြို့နယ်မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို အမှတ်()ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ ()နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးအောင်မြတ်မိုး က အဖွင့်အမှာစကားပြောကြားရာတွင် စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် နာသုံးနာအခြေခံပြီး အမိန့်နာခံမှု၊ မီးငြိမ်းသတ်ရာတွင်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်တတ်စေရန်နှင့် ကယ်ဆယ်ရေးအပိုင်းများ၊ မီးဘေးနှင့် သဘာဝဘေး ဖြစ်ပေါ်လာပါက ပျက်စီးဆုံးရှုံးမှုနည်းပါးစေရန် ယခုသင်တန်းက ရှေ့ဦးမီးငြိမ်းသတ်ရေး ပညာရပ်များအား ထိရောက်စွာအသုံးချစေလိုကြောင်း ပြောကြားပြီးနောက် သင်တန်းတွင် တက်ရောက်လာသော သင်တန်းသားများအား အရန်မီးသတ်တပ်ဖွဲ့ တူညီဝတ်စုံများကို ပေးအပ်ရာ သင်တန်းသားများ(ကိုယ်စား) အရန်မီးသတ် တပ်ဖွဲ့ဝင်တစ်ဦးမှ လက်ခံရယူကြောင်း သိရသည်။

အဆိုပါသင်တန်းကို မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ တက်ရောက်၍ သင်တန်းကို မြို့နယ်အတွင်း ရပ်ကွက် များမှ သင်တန်းသား (၅၀)ဦးဖြင့် ဖွင့်လှစ်ကာ သင်တန်းကာလ ရက်သတ္တပတ် ()ပတ် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)