မြောက်ဥက္ကလာပ အောက်တိုဘာ ၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြောက်ဥက္ကလာပမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉:၀၀ အချိန်က မြို့နယ်စာရေးဆရာများနှင့် စာပေ ချစ်သူများ စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီပြည့်ဖြိုး က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီး စာရေးဆရာမ ခင်စုစုစံ နှင့်မြနှင်းရည်ရှိန်တို့ ဘာသာပြန်ဆိုထားသော "အရာအားလုံးကိုပြောင်းလဲစေသော အားပေးမှု" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်စာရေးဆရာ အသင်းဉက္ကဋ္ဌ ဦးသိန်းဝင်းဇော် က "ဒီစာအုပ်လေးကအားပေးမှု ကဏ္ဍလေးတွေနဲ့ရေးဖွဲ့ထားတဲ့ စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ် အခြားသူတစ်ယောက်ရဲ့ဘဝကို တိုးတက်အောင်တန်ဖိုးရှိအောင် လုပ်ပေးချင်ရင်အားပေးပေးပါ အားပေးမှုရဲ့ထိရောက်မှုက လူတစ်ဦးကို ပြောင်းလဲပေးနိုင်ပါကြောင်း၊ စိတ်ဓာတ်မကျစေသောနည်းလမ်း(၇)မျိုးဖြင့် အားပေးသင့်ကြောင်း" ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ တက်ရောက်လာသော စာပေဝါသနာရှင်များမှလည်း အားပေးမှုကြောင့် ပြောင်းလဲသော အကြောင်းအရာဖြင့်လည်း ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သိင်္ဂီပြည့်ဖြိုး(ပြန်/ဆက်)