သာကေတ အောက်တိုဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ယမန်နေ့ညနေ (၄:၀၀)နာရီအချိန် တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
ရှေးဦးစွာ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာဝင်းမှ သာကေတမြို့နယ်တွင် ဖွဲ့စည်းထားသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေးအန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း၌ စွမ်းရည်မြှင့်မားစေရန်အတွက် ဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းတွင် တက်ရောက်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့နယ်အတွင်း ဘေးအန္တရာယ်ကာကွယ်ရေး လုပ်ငန်း၌ ကျွမ်းကျင်မှုရှိစေရန် ကြိုးစားသင်ယူရန်လိုကြောင်းနှင့် စေတနာ၊ ဝါသနာအရင်းခံ၍ မြို့နယ်မီးသတ်တပ်ဖွဲ့၌ ပါဝင်ဆောင်ရွက်ခဲ့သည် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေးစားဂုဏ်ယူကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမင်းမင်းမှ သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/ ၂၀၂၂) သင်တန်းကို အောက်တိုဘာလ (၃)ရက်နေ့မှ နိုဝင်ဘာလ (၃)ရက်နေ့အထိ (၁)လကြာ ဖွင့်လှစ်မည်ဖြစ်၍ ညနေ(၆:၀၀)မှ ည(၈:၃၀)အထိ လက်နက်မဲ့စစ်ရေးပြ၊ မီးငြိမ်းသတ်ရေးသရုပ်ပြ၊ အခြေခံရှာဖွေကယ်ဆယ်ရေး စသည့်တို့ကို အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား (၅၀)ဦးအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)