အမြို့မြို့အနယ်နယ်သတင်းများ

Oct 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာ များနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ယနေ့နံနက်(၁၀) နာရီအချိန်က ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနအသီးသီးရှိ ဝန်ထမ်းများအား စာအုပ်စာစောင်များ အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက Mobile Library ကွင်းဆင်း ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
Oct 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ ရဟန်းသံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းကိစ္စ အဆင်ပြေစေရေး အတွက် ဆွမ်း၊ ဟင်းများ လောင်းလှူခြင်းကို ရွှေဘုန်းပွင့် ဓမ္မာရုံကြီးတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် တွံတေးမြို့နယ်၏ အုပ်ချုပ်ရေးစစ်ကြောင်းလှုပ်ရှားမှုအနေဖြင့် တွံတေးမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီမှ ဆီထွတ်သီးနှံ (နေကြာ)မျိုးစေ့ရရှိရေး စိုက်ဧကပြည့်မီရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀:၃၀ အချိန် က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေးစွမ်းရည်၊ မီးသတ်စွမ်းရည်များ ပိုမိုတိုးတက်စေရန်ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ် မီးသတ်စခန်း၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 04,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိက မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုများ ရှိခဲ့၍ ယမန်နေ့က ညနေပိုင်းကစပြီး တမံရေပြည့်မှတ် ၃၄၀ အထက် သုည ဒသမ ၃ ပေ ရေပိုလွှဲမှ ရေကျော်ကျမှုရှိရာ ယနေ့နံနက် ၆ နာရီအချိန် ထပ်မံတိုင်းထွာရာ၌ တမံရေပြည့်အမှတ်အထက် တစ်ပေခန့် ဆက်လက် ရေကျော်ကျလျက် ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့် ထံမှ သိရသည်။
Oct 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစွာနေထိုင်နိုင်စေရန် ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့နေ့လယ်ပိုင်း က အမှတ်(၂)ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား (၂၁) ဦးအတွက် တစ်ဦးလျှင် (၃၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၆၃၀၀၀၀/-) ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်းနှင့် တာဝန်ရှိသူတို့က ဘိုးဘွားများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့သည်။
Oct 04,2022
ဘုတ်ပြင်းခရိုင်၊ဘုတ်ပြင်းမြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းကို ယနေ့နံနက်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။