Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သနပ်ပင်မြို့နယ်တွင် ဂရန်အင်းများအား ငါးမျိုးစိုက်ထည့်ရန် အင်းသားကြီးများထံ ငါးမျိုးများပေးအပ်ခြင်း အခမ်းအနားကျင်းပ
Oct 05,2022
ပဲခူးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတပေါကြွယ်ဝရေး၊ ငါးစားသုံးမှုရေရှည်ဖွံ့ဖြိုးတိုးတက်စေးရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ် ငါးလုပ်ငန်းရာသီနှစ်အတွက် ဂရန်အင်းများအတွင်း ငါးမျိုးများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့၌ ဆည်ရေသောက်စနစ်၊ မိုးကောင်းရေသောက်စနစ်၊ မြေအောက်ရေသောက်စနစ်များဖြင့် မိုးစပါး(၅၂၄၆၁)ဧက စိုက်ပျိုးပြီးဖြစ်
Oct 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးဖူလုံပိုလျှံရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တိုက်နယ်(၁၂)ခု၊ ကွင်းပေါင်း(၂၁၇)ကွင်းတွင် ဆည်ရေသောက်စနစ်၊ မိုးကောင်းရေသောက်စနစ်၊ မြေအောက်ရေသောက်စနစ်(စက်ရေတွင်း)ဖြင့် မိုးစပါး (၅၂၄၆၁)ဧက စိုက်ပျိုးပြီးကြောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့၌ အခြေခံစားသောက် ကုန်နှင့်ဟင်းသီးဟင်းရွက်များ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
Oct 05,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၃) စျေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့နယ်၌ ပြည်သူများဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ဟင်းသီးဟင်းရွက်နှင့်ကြက်ဥများအား Mobile Shop ဖြင့် လှည့်လည်ရောင်းချ
Oct 05,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို ပြည်သူများဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ဟင်းသီးဟင်းရွက်နှင့် ကြက်ဥများအား Mobile Shop ဖြင့် ယမန်နေ့ကမြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်ရောင်းချခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနသို့ လမ်းဦးစီးဌာနမှ စီမံခန့်ခွဲမည့် ကျေးလက်လမ်းများစာရင်းနှင့် ၂၀၂၂-၂…
Oct 05,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနသို့ လမ်းဦးစီးဌာနမှ စီမံခန့်ခွဲမည့် ကျေးလက်လမ်းများစာရင်းနှင့် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ရန်ပုံငွေစာရင်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မကွေးမြို့ စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ တောင်သူလက်ဝယ်ရောက်ရှိပြီး လုပ်ငန်းစတင်အကောင်အထည်ဖော်နိုင်ရန်ဆောင်ရွက်
Oct 05,2022
ကရင်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏(၅/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ် Community Center ခန်းမ၌ ကိုဗစ်-၁၉ နှင့် ဆေးလူမှုလုပ်ငန်းအတွေ့အကြုံများ စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ
Oct 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမ၌စာပေ ချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့်ပူပေါင်း၍ စာရေးဆရာဖေနှင်းငွေရေးသားသည့် ကိုဗစ်-၁၉နှင့် ဆေးလူမှုလုပ်ငန်းအတွေ့အကြုံများစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၂ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့်ဘုရားကြီး ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် လုံတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ
Oct 05,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့်ဘုရားကြီး ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်မှုအောင်မြင်ခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီ (၃၀)မိနစ်အချိန်က အလိုတော်ပြည့်ဘုရားကြီးရင်ပြင်တော်ရှိ တန်ဆောင်းတော်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15677
Page
15678
Page
15679
Page
15680
Current page
15681
Page
15682
Page
15683
Page
15684
Page
15685
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department