Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မဟာအောင်မြေမြို့နယ် မန္တလေးတက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာ ပူဇော်ကန်တော့ပွဲအခမ်းအနား ကျင်းပ
Oct 04,2022
မဟာအောင်မြေမြို့နယ် မန္တလေးတက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် မန္တလေးတက္ကသိုလ်ဘာသာရပ်ဌာနအသီးသီးမှ သက်ပြည့်အငြိမ်းစားယူခဲ့သော အသက်(၇၀)ကျော် ဆရာ ကြီး၊ ဆရာမကြီးများအား မြတ်ဆရာပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် mask များဖြန့်ဝေခြင်းဆောင်ရွက်
Oct 04,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အိမ်ပြင်ထွက်သွားလာကြသည့် ပြည်သူ့များအား maskနှာခေါင်းစည်းတပ်ဆင်၍ သွားလာကြရေး အသိပေးနှိုးဆော်ခြင်းနှင့် mask နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခြင်း ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၈နာရီခွဲချိန်က အမှတ် ၃ရပ်ကွက် မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့နယ် စံပြကျေးရွာအနောက်စုကြီးတွင် အဆင်မြင့် စက်ချုပ်သင်တန်း ဆင်းပွဲကျင်းပ
Oct 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အနောက်စုကြီး (စံပြ)ကျေးရွာတွင် အောက်တိုဘာလ ၄ ရက်နေ့၊ နံနက်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိမ်တွင်းမှုသင်တန်းကျောင်း(ပုသိမ်) တို့ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အဆင့်မြင့်စက်ချုပ် သင်တန်းဆင်းပွဲ အခမ်းအနားအား အဆိုပါကျေးရွာရှိ ကရင်အမျိုးသားစာပေ သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်အလုံး ၂၀ ဘေးလွတ်ရာသို့ ကြိုတင် ပြောင်းရွှေ့
Oct 04,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာ၊ ကျောင်းစုကျေးရွာ၊ နန်းတော်ကျွန်း ကျေးရွာ အုပ်စု၊ ထူးကျေးရွာနှင့် ငှက်တော်ကုန်းကျေးရွာတို့တွင် လူနေအိမ်အလုံး ၂၀ ဘေးလွတ်ရာသို့ ကြိုတင် ပြောင်းရွှေ့ခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ်ရှိ ကွက်သစ်လမ်း၊ အိမ်ကြီးလမ်းနှင့် ပုဇွန်တောင်ဈေးများတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် Hand Speaker ဖြင့် အသိပေးနှို…
Oct 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ အိုမီခရွန် မျိုးရိုးဗီဇပြောင်း BA-5 ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရန် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုဖြင့် လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဝန်ထမ်းများသည် ယနေ့နံနက် က လူစည်ကားရာနေရာများဖြစ်သော ကွက်သစ်လမ်း၊ အိမ်ကြီးလမ်းနှင့် ပုဇွန်တောင်စျေးများတွင် ပျံကျဈေးသည်နှင့် ဈေးဝယ်များအား Hand Speaker ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်း (Mask Campaign) အရှိန်အဟုန်မြှင့်ဆောင်ရွက်
Oct 04,2022
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်း (Mask Campaign) ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၆ နာရီခွဲက ချီဖွေမြို့ဈေးအတွင်း ဈေးရောင်းသူ၊ဈေးဝယ်သူများထံ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Dose)ထိုးနှံပြီးသူ(၂၂၁၀၈)ဦး ထိုးနှံပေးပြီးဖြစ်
Oct 04,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအတွင်းကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်းစေရေးနှင့် ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် စဉ့်ကိုင်ပြည်သူ့ဆေးရုံနှင့် ကျေးရွာအုပ်စုအလိုက် စုရပ်နေရာများတွင် စတုတ္ထအကြိမ် (Booster Dose)များ ဆက်လက်ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ(၄)ရက်နေ့အထိ (Booster Dose)ထိုးနှံပြီးသူ (၂၂၁၀၈)ဦးထိ ထိုးနှံ ပေးပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့ကျွဲခြံကုန်းကျေးရွာတွင် ဂိုဒေါင်တစ်လုံး မီးလောင်မှုဖြစ်ပွား
Oct 04,2022
မော်လမြိုင်မြို့၊ ကျွဲခြံကုန်းရပ်ကွက်၊ ခိုင်သဇင်လမ်းရှိ ကားပစ္စည်းဟောင်းများထားရှိသော ဂိုဒေါင်တစ်လုံးတွင် ယနေ့နံနက် ၇ နာရီအချိန်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15683
Page
15684
Page
15685
Page
15686
Current page
15687
Page
15688
Page
15689
Page
15690
Page
15691
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department