အမြို့မြို့အနယ်နယ်သတင်းများ

Oct 06,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေးနှင့် ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အကြိမ်ပြည့်ထိုးနှံပြီးသည့် အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြား ကျောင်းသားကျောင်းသူများ၊ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာ ကွယ်ဆေး( Booster dose) များ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Oct 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် သွားတိုက်ဆေးအမျိုးမျိုး၊ ဆပ်ပြာရည်၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲအမျိုးမျိုးတို့အား ဆင်တဲကျေးရွာ၌ ကုန်မျိုးစုံရောင်းချသည့်စျေးဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 06,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မြို့နယ်ပညာရေးမှူးရုံးရှိ ကုမုဒြာအစည်းအဝေးခန်းမ၌ ကျောက်ဖြူမြို့နယ် ပညာရေးမိသားစုမှ ကြီးမှူး၍  (၁၄)ကြိမ်မြောက် မြို့နယ်လုံးကျွတ် မြတ်ဆရာ ပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်း အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်း အမှတ်အဖြစ် မြတ်ဆရာ ပူဇော်ပွဲအခမ်းအနားကို  ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း သဇင်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 06,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့ပေါ်(၇)ရပ်ကွက်ရှိ လူစည်ကားရာနေရာများတွင် လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဌာန၊
Oct 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်နှင့် သက်ပြည့်အငြိမ်းစားယူခဲ့သော အသက်(၇၀)နှစ်နှင့်အထက် ဆရာကြီး/ဆရာမကြီးအား မြတ်ဆရာပူဇော်ကန်တော့ပွဲအခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း ဥသျှစ်ပင်ရွှေပင်ရတနာခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။
Oct 06,2022
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက်အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကို စက်တင်ဘာ၂၄ ရက်နေ့မှ စတင်ယှဥ်ပြိုင်ကစားခဲ့ကြရာအောက်တိုဘာ ၅ ရက်မွန်းလွဲ ၃ နာရီကဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပကြောင်း သိရသည်။
Oct 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်သို့မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များအတွက် Online မှ တစ်ဆင့်စာအုပ်မိတ်ဆက်ခြင်းအစီစဉ်ကို ယနေ့(၁၀)ခွဲနာရီအချိန်က ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။