အမြို့မြို့အနယ်နယ်သတင်းများ

Oct 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာန၌ အသက် ၁၈နှစ်နှင့်အထက်ပြည်သူများအား ထပ်ဆောင်းကိုဗစ်-၁၉ ကာကွယ်ဆေး(Booster) ထိုးနှံပေးကြောင်း သိရသည်။
Oct 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ ဖွင့်လှစ်ထားရှိမည့်လျာထားမဲရုံသတ်မှတ်ခြင်းနှင့် မဲရုံတည်နေရာကိစ္စညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်း(၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Oct 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကိုထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပြီးသူ ပညာရေးဝန်ထမ်းတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ဖော်ပြလိုက်ပါသည်-
Oct 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ အုပ်ချုပ်ရေးစစ်ကြောင်းနှင့် ကျန်းမာရေးစစ်ကြောင်းတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက်ရှိ မဟာဗန္ဓုလပန်းခြံလမ်း(အထက်ဘလောက်)အောင်ဓမ္မာရုံတွင် အသက် ၁၈ နှစ်နှင့် အထက်ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Booster) ထိုးနှံပေးကြောင်း သိရသည်။
Oct 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ် ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှဦးဆောင်၍ အသိပညာပေးလုပ်ငန်းများကို ယနံနက်(၈)နာရီက မြို့မဈေးကြီးတွင် ဆောင်ရွက်ကြသည်။
Oct 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာ ကျောင်းသူ/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပြီး အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံ ပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော ပြည်သူများအား
Oct 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် တောင်သူများအများအတွက်  စီးပွားဖြစ်စိုက်ပျိုး နိုင်သည့် သီးနှံတစ်မျိုးဖြစ်သော နှမ်းနက် (ခေါ်) စမုံနက်နှမ်းများ စိုက်ပျိုးထားကြောင်း သိရသည်။
Oct 06,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်၍ နေ့စဉ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က အလုံမြို့နယ်၊ ကရင်ခြံရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ Franc hall ရှေ့၌ ရပ်ကွက်နေပြည်သူများအား အခြေခံစားသောက်ကုန်များကို  လက်ဝယ်အရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။