ပုံပါကျင် အောက်တိုဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်သို့မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များအတွက် Online မှ တစ်ဆင့်စာအုပ်မိတ်ဆက်ခြင်းအစီစဉ်ကို ယနေ့(၁၀)ခွဲနာရီအချိန်က ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။
ပုံပါကျင်မြို့ရှိ ကျောင်းနေရွယ်ကလေးများ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်လာစေရန်၊ စဉ်းစားတွေးခေါ်ဆင်ခြင်ဉာဏ်များ တိုးတက်လာစေရန် ရည်ရွယ်ပြီးပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်းစသည့်အစီစဉ်များရှိသည့်အပြင် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များအတွက် စာအုပ်မိတ်ဆက်ခြင်းအစီစဉ်များကိုလည်း Online မှတစ်ဆင့်ရိုက်ကူးလွှင့်တင်ပေးခဲ့ကြသည်။
ထိုသို့ ရိုက်ကူးတင်ဆက်ပေးရာ ပြည်သူ့စာကြည့်တိုက်တွင် တာဝန်ရှိသူတစ်ဦးက သက်ဦးခင်၏ "ဖူးစီဝေလန်းရောင်စုံပန်းကလေးကဗျာများ"စာအုပ်ဖြင့်မိတ်ဆက်ရိုက်ကူးကာ ပုံပါကျင်မြို့ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့်လွှင့်တင်ပေးခဲ့ကြောင်း သိရသည်။
သော်တာ(ပြန်/ဆက်)