Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တနိုင်းမြို့နယ်၌ ပြည်သူများနှာခေါင်းစည်း (Mask ) တပ်ဆင်သွားလာရေးအသိပညာပေးပြီး Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်
Oct 06,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ခံရမှုမရှိစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာသူများ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာသည့် အလေ့အကျင့်များ လိုက်နာကျင့် သုံးစေရန် Mask Campaign အရှိန်အဟုန်မြှင့်အသိပညာပေးခြင်းကို အောက်တိုဘာ ၅ ရက်နေ့ နံနက် ၈ နာရီက တနိုင်းမြို့ လီဒိုလမ်းမကြီးပေါ်ရှိ တနိုင်းတံတား၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ် ပန်းလှိုင်မြစ်ကူး စံကင်းကျွန်းတံတားတစ်စင်း တည်ဆောက်ရေး ညှိနှိုင်းဆွေးနွေး
Oct 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပန်းလှိုင်မြစ်ကူး စံကင်းကျွန်း တံတား တစ်စင်း တည်ဆောက်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁နာရီ အချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်းကျင်းပသော အလုပ်အကိုင်အခွင့်အလမ်းပြပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ
Oct 06,2022
မန္တလေးတိုင်းဒေသကြီး၊ချမ်း မြသာစည်မြို့နယ်၊ မန္တလာသီရိအားကစားကွင်းအတွင်းရှိ၊ Multipur pose studium (မိုးလုံလေလုံအားကစားရုံအတွင်း)၌ မန္တလေးတိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသော အလုပ်အကိုင်အခွင့်အလမ်းပြပွဲ ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ်တွင် ရုံးသစ်ဆောက်လုပ်မည့် မြေနေရာအား ပြည်ထောင်စု၀န်ကြီး လာရောက်ကြည့်ရှုစစ်ဆေး
Oct 06,2022
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် ဒုဝန်ကြီးဦးဇော်အေးမောင်တို့အဖွဲ့သည် ယမန်နေ့ ၄ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၃လမ်းနှင့် ၁၀၁(A) လမ်းထောင့်ရှိ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဌာန၊ဦးစီးမှူးရုံး သို့ရောက်ရှိ၍ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဦးစီးမှူးရုံး၊ ညွှန်ကြား ရေးမှူး ဒေါ်သန်းသန်းညိုနှင့်ရုံးဝန်ထမ်းများအား တွေ့ဆုံပြီး လုပ်ငန်းဆိုင်ရာလမ်းညွှန်ချက်များအားလမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်
Oct 05,2022
၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ များ ကွန်ပျူတာ Software စနစ်ဖြင့် Main Server အတွင်း ရိုက်သွင်းရာတွင် ပါဝင်ကူညီပေးကြသော မိတ်ဖက်ဌာနဆိုင်ရာ ဝန်ထမ်းများအား ဂု…
Oct 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှမြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများသည်" လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ဖျာပုံမြို့နယ် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ များ ကွန်ပျူတာ Software စနစ်ဖြင့် Main Server အတွင်း ရိုက်သွင်ပြီးစီးခြင်းတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသော မိတ်ဖက်ဌာနဆိုင်ရာ ဝန်ထမ်းများအား၊ ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခြင်းကို အောက်တိုဘာလ (၅)ရက်နေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Oct 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘော့မြို့၏ အထင်ကရနေရာ ကျောက်နဂါးရှိရာ အောင်တော်မူအေး စေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်ည၌ ဆီမီး (၁၀၀၀)ပူဇော်ပွဲကျင်းပမည်
Oct 05,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့အနီးရှိ အထင်ကရနေရာ ကျောက်နဂါးတည်ရှိရာ ကုန်းတော်ပေါ်ရှိ အောင်တော်မူအေး စေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်ညတွင် ဆီမီး(၁၀၀၀) ပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15666
Page
15667
Page
15668
Page
15669
Current page
15670
Page
15671
Page
15672
Page
15673
Page
15674
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department