Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဟင်္သာတခရိုင်တွင်းရှိ ဆောင်းသီးနှံနေကြာ စိုက်ပျိုးမည့်တောင်သူများနှင့် တွေ့ဆုံ၊ နေကြာမျိုးစေ့များ ဖြန့်ဖြူးရောင်းချ
Oct 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဆောင်းသီးနှံ နေကြာတိုးချဲ့ စိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံ၍ နေကြာမျိုးစေ့ များ ဖြန့်ဖြူးရောင်းချခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ မြို့နယ်များမှ တောင်သူများနှင့် တွေ့ဆုံရောင်းချခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၂ဝ၂၂ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားနှင့် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားသို့တက်ရောက်
Oct 06,2022
တနင်္သာရီတိုင်းဒေသကြီး၂ဝ၂၂ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားမြတ်ဆရာပူဇော်ပွဲ အခမ်းအနားကိုယမန်နေ့ နံနက် ၉ နာရီက ထား ဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ ရှေးဦးစွာ အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်းမှ ကျောင်း သား/သူများက “ ဆရာဟူသည်သီချင်းဖြင့် သီဆိုဂုဏ်ပြုဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တက်ရောက်
Oct 06,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ နေပြည်တော်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီက ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာသီရိနွယ်၊ နေပြည်တော်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦး၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငရုတ်ကောင်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် မြို့အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက သစ်ရောင်းကျေးရွာ အုပ်စု၊သစ်ရောင်းကျေးရွာနှင့် မိချောင်းဂေါင်း ကျေးရွာတို့တွင် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အိမ်မဲမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
Oct 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဂယက်ကြီးကျေးရွာအုပ်စု၊ ဂယက်ကြီးကျေးရွာရှိ တောင်သူ ဦးလှိုင်ဝင်းရွှေ၏ လယ်မြေကွင်း အမှတ် (၁၉/ခ)၊ ဦးပိုင်အမှတ် (၄၃/၂) ဧရိယာ (၂.၁၃)ဧကတွင် မိုးစပါး (ဆင်းသုခမျိုး) စံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်၌ပြုလုပ်ခဲ့ရာ အခမ်းအနား သို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်နှင့် အဖွဲ့၊ မြောင်းမြခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့၊ ခရိုင်စိုက်တိုးမြှင့်အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့၊ ကွင်းဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့၌ကျင်းပသော ကမ္ဘာ့ဆရာများနေ့အခမ်းအနား တက်ရောက်
Oct 06,2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အခမ်းအနား ကိုယနေ့နံနက်ပိုင်းက စစ်တွေမြို၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ဓမ္မဇေယျခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အပူဇော်ခံဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များတက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ် ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာမှ ဘိုးဘွားများအား အခမဲ့မျက်စိစမ်းသပ်၍ မျက်မှန်များလှူဒါန်း
Oct 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာရှိ ဘိုးဘွားများအား ယမန်နေ့ နံနက်(၉)နာရီတွင် မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနနှင့် Gold Vision glass ကုမ္ပဏီလီမိတက်တို့ ပူးပေါင်း၍ ဘိုးဘွားများ၏ မျက်စိကျန်းမားရေးအား အခမဲ့စစ်ဆေးကာ မျက်မှန် တပ်ဆင်ရန် လိုအပ်သည့် ဘိုးဘွားများအား မျက်မှန်များ အခမဲ့လှူဒါန်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲကျင်းပ
Oct 06,2022
အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာ ပူဇော်ကန်တော့ ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် အောင်သပြေဘိုးဘွားရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15667
Page
15668
Page
15669
Page
15670
Current page
15671
Page
15672
Page
15673
Page
15674
Page
15675
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department